Wednesday, September 06, 2006

အလွမ်းပြေရုံသက်သက်

Intro: 1
ကော်ဖီမစ် ခွက်များ
ယံယံချဉ်စပ်များနဲ့ 
ညနေခင်းများအတွက်
ငါဟာ ... အလွမ်းပြေရုံသက်သက်။

Intro: 2
စကားလုံးများ
ငြင်းခုံသံများနဲ့ 
ခင်မင်ရင်းနှီးမှုများအတွက်
ငါဟာ ... အလွမ်းပြေရုံသက်သက်။

Intro: 3
ဘုရားသခင်များ
ခွေးလေခွေးလွင့် များနဲ့ 
ခပ်ပျင်းပျင်းကောင်လေးများအတွက်
ငါဟာ ... အလွမ်းပြေရုံသက်သက်။

Chorus:
အလွမ်းပြေရူံသက်သက်ထက်
နှမ်းတစ်ထောက်စာတောင် မပိုခဲ့ ပါ။
ငါဟာ ...
ဒီနေရာလေးမှာ ...
ညနေခင်းတစ်ခုမှာ ...
ယံယံချဉ်စပ်တစ်ခွက် ...
ကော်ဖီမစ်တစ်ခွက် ... ကိုေ၇ှ့ ချလို့ 
တိတ်ဆိတ်ငြီမ်သက်စွာ
ထိုင်နေမိခဲ့ တယ် ။

No comments:

Post a Comment