ကျွန်တော့်အိပ်ခန်းအပြင်ဘက် ပြတင်းပေါက်နားမှာ
ပန်းပင်လေးတစ်ပင်ကျွန်တော်စိုက်ခဲ့တယ်
နေ့စဉ်ရေလောင်းရင်း ပေါင်းပင်လေးတွေကိုလဲဖယ်ပေးခဲ့တယ်
မနေ့က
အဲဒီပန်းပင်လေးကနေ ကဗျာလေးတစ်ပုဒ်ဖူးပွင့်ခဲ့တယ်
ဒီနေ့
အဲဒီပန်းပင်လေးကနေ သီချင်းလေးတစ်ပုဒ်ဖူးပွင့်ခဲ့တယ်
မနက်ဖြန်
အဲဒီပန်းပင်လေးကနေ ဘာတွေဖူးပွင့်လာမလဲ
ကျွန်တော်သိလိုဇောနဲ့ မောနေမိခဲ့ပေါ့
Thursday, April 01, 2010
Wednesday, January 27, 2010
ဘုရားသခင်မဟုတ်ပါ
ဒီအမှုမှာ ကျွန်တော်အပြစ်ကင်းတာ
ဘုရားသခင်သိတယ်လို့ မပြောပါနဲ့
တရားသူကြီး သိအောင် ပြောပြပါ
စီရင်ချက်ချမှာ ဘုရားသခင်မဟုတ်ဘူး ။
သူ့ကို ကျွန်တော်သိပ်ချစ်တာ
ဘုရားသခင်သိတယ်လို့ မပြောပါနဲ့
သူသိအောင် ပြောပြပါ
အဖြေပေးမှာ ဘုရားသခင်မဟုတ်ဘူး ။
ဘုရားသခင်သိတယ်လို့ မပြောပါနဲ့
တရားသူကြီး သိအောင် ပြောပြပါ
စီရင်ချက်ချမှာ ဘုရားသခင်မဟုတ်ဘူး ။
သူ့ကို ကျွန်တော်သိပ်ချစ်တာ
ဘုရားသခင်သိတယ်လို့ မပြောပါနဲ့
သူသိအောင် ပြောပြပါ
အဖြေပေးမှာ ဘုရားသခင်မဟုတ်ဘူး ။
Subscribe to:
Posts (Atom)